hit counter script
hit counter html code
   
  arakanthar
  RAKHINE POEMS
 
သျှစ်အမိထံ မပြန်ချင်သိမ့်
အော်...အမိ
အောက်သားလက်အောက်
ဒူးကိုထောက်လို့
စီးကျမျက်ရည်
ပြည့်ဖြိုးဝေလျှံ
သျှစ်အမိထံ မပြန်ချင်သိမ့်။

အော်...အမိ
တောင်ယံကမ်းပါး
လျှိုမြောင်ကြားမှာ
ငှက်ဖျားတိဒဏ်
ကြံ့ကြံ့ခံလည်း
တော်လှန်သည့်ဇွဲ
သတ်တိနည်းလျှက်
အောက်သားလက်ထဲ
အလံလှဲလို့
သျှစ်အမိထံ မပြန်ချင်သိမ့်။

အော်....အမိ
အောက်သားလက်မြောက်
ရွတ်မြောက်ချင်စိတ်
ယိုစီးဖိတ်လို့
ထက်သည့်စွမ်းအား
လုံ့လများနန့်
ဖိနှိုပ်အဓမ ဟိနီသမျှ
သျှစ်အမိထံမပြန်ချင်သိမ့်။

အော်....အမိ
သားမျှော်လင်းချက်
ရွတ်မြောက်လမ်းအတွက်
မြူပါမကျန်
သားတွန်းလှန်လို့
ခူးဆွတ်ဆင်မြန်း အောင်ပွဲခံမှ
သျှစ်အမိထံ သားပြန်လတ်မေ..............။



ရခိုင်အမျိုးသာရေးဝါဒ
လူမျိုးတစ်မျိုးတိုးတက်ဖို့
လွတ်မြောက်ဖို့ဆိုစွာမာက
ပညာရီးက အဓိက
စီးပွါးရီးက ပထမ
ညီညွတ်မှုက ထာဝရ။

အမြင်ကကျဉ်းမြောင်း
ဟောင်းနွမ်းရေ အတွေးအခေါ်
အယူအဆတိလွဲချော်စွာက
ငါဆိုရေ တယူသန် ၀ါဒ
တောင်ပိုင်းသား ၀ါဒ
မြောက်ပိုင်းသား ၀ါဒ
သံတွဲသား ၀ါဒ
မာန်အောင်သား ၀ါဒ
ကျောက်ဖြူသား ၀ါဒ
စစ်တွေသား ၀ါဒ
စည်းလုံးမှုမဟိရေ ၀ါဒ
ဟိုလူဝါဒ ဒေလူဝါဒ
အဆွီးအဟောင်း ယင်းဝါဒတိအားလုံးကို
ခ၀ါချထားလိုက်ကတ်မေ။

တာဝန်သိ သီအိုရီ
ခေတ် စနစ်နန့်လျော်ညီယောင်
ငါဆိုရေ ဆရာကြီး ၀ါဒ
ရွှေလူမောင် ၀ါဒ
အေးကျော် ၀ါဒ
အေးချမ်း ၀ါဒ
ဟိုဝါဒ ဒေ၀ါဒ
ဝါဒတိအားလုံးပေါင်းပနာ
ထွက်ပေါက်ရှာကတ်ပါမေ။

နည်းပညာတိ တက်ကျွမ်း
ရွှီလမ်း ငွီလမ်းတိဖွင့်
စီးပွါးရေး အင်အားတင့်ကေလည်း
စည်းရုံးမှုမဟိကတ်
ညီညွတ်မှုမဟိကတ်ဆိုကေ
လူမျိုးကြီးတိဆိုစွာလည်း
ဒိုင်နိုဆောတိပိုင်ယာထွား။

မျိုးပျက် ညွှန့်တုံး
လူမျိုးမပြုန်းယောင်
ကြံဆောင်ခြင်း အာမခံ
တော်လှန်ဝံ့ရေ သတ္တိ
လူတိုင်းမာဟိကေလည်း
စည်းရုံးမှုမဟိကတ်ဆိုကေ
ရခိုင်လူမျိုးဆိုစွာလည်း
၂၁ ရာစုမာ
endangered စာရင်းဝင်လားပါဖို့။



Example




THE RAKHINE POEM
ရင်ကွဲနာ
-----------------------

ခြက်စားလားခရေ နှစ်ပေါင်း
နှစ်ရာ........ကျော်..............
အနှိုင်းမဲ့ အဆုံးအရှုံး
သမိုင်းထဲ က ရုပ်ကြွင်းတိ
ထိုတစ်စု......
ဒေတစ်စု........
အဘာကယ်ပါ
အမင်ကယ်ပါ ခေါ်နိန်ကတ်တေ............||
ရညှိ့တက်နိန်ရေ
ကျောက်ဆစ်တိ.............
ခွာချ ဖို့လူမဟိ
သမိုင်းက ဟားတိုက်ခံထားရရေ
လူမျိုးတစ်စု ..............
ြွကွင်းလားခရေ ဟင်းဇကွဲတိပိုင်...............||

အိမ်မက်ထဲက နှစ်ပေါင်း
ငါးထောင်က
ငါ့ကို နိန့်တိုင်း
ခြောက်လန့ှ်ကတ်တေ..............||
 
   
 
users online
This website was created for free with Own-Free-Website.com. Do you want your own website too?
Register for free