hit counter script
hit counter html code
   
  arakanthar
  chatting poems
 

Chatting

သစ္စာ

 

 အချိန်လေးရတုန်း..
တက်လိုက်မယ် Online
စာကြည့်ချိန်လေး ..လုယက်ပြီး
ထိုင်ဦးမယ် Chatting
စာမေးပွဲကြီးနီးလာပြီ
ဘဲဥ မစား..
supply ကြောက်လို့ C plus လည်းရှောင် ။
တစ်နေ့ ဘုရား 10ခါရှိခိုးကာ
Gtalk တက်လို့ ညည်းချင်းရယ်ဆို ...။
စာမေးပွဲက မနက်ဖြန်
ဟိုစာရွက် ကူး .. ဒီစာရွက်လှန်
notes မရှိလို့ မိတ္တူဆိုင်ပြေး
one subject one night လုပ်တာ
စာကြည့်စားပွဲထိုင်..
ထိုင်မယ်ကြံယုံရှိသေး
ဟို့နေ့က ကြိုးစားထားသမျှ...
ဒီနေ့တော့ အိပ်ငိုက်နေပြီမို့
ခဏလေးတစ်ရေးမှေးမယ်ကြံ ။
ကြံယုံပဲ ရှိသေး အိပ်ပျော်သွားပြီမို့ ....
တစ်မိုးသောက်ခဲ့ပြန်ပြီ ။
ခြေဖျားတွေ လက်ဖျားတွေအေး..
အိမ်သာပြေးချင်သလိုလို
စိတ်ထဲရယ် ကတုန်ကရင်..
ဘယ်လိုဖြေရပါ့လိမ့် ။
စာမေးပွဲခန်းဝယ်...
ထိုင်ခုံမှာထိုင် မေးခွန်းကိုသေချာကြည့်
သေချာသိတာ ဘာမှမရှိ ။
အားမလျှော့လေနဲ့ ...
ဘေးနားကလူကိုကြည့်
သူလည်း သိတာဘာမှမရှိ ။
အော်...ကိုယ်လို သူလို အတူတူမို့
ဖြီးဖြန်းဖို့ကို ပြင်
မေးခွန်းတောင် နားမလည်တော့
အကျိုးရှိရန် အိပ်ဖို့သာ ပြင်လေတော့
မျှော်လင့်ချက်ရယ် မရှိ
သစ္စာစကားသုံးခွန်းသာဆို
စာမကျက်ချင်တာ အမှန်
chatting ထိုင်တာလည်း ဟုတ်၏
ဘာမှမရတာ သေချာပါသည် ။
ဤမှန်သောသစ္စာ စကားသုံးခွန်းကြောင့်
နောင်အခါတွင်...
ဘေးနားကလူ စာရပါစေသတည်း
from mysuboo.com
 
   
 
users online This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free