hit counter script
hit counter html code
   
  arakanthar
  for nyi ma lay
 
အိပ်မက်တွေအားလုံးကို မီးရှို့ပစ်လိုက်တယ်

ဘ၀က ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိလို့. . .။”

            မိုးကောင်းကင်ကြီးကို မော့မော့ကြည့်ရင်းသက်ပြင်းမောတွေ ခဏခဏချမိနေတာ

ညီမလေးသတိထားမိပါ့မလား ။ ခက်တယ်ညီမလေးရယ်. . .မင်းအပြုံးတွေမြင်တွေ့ပြီးတဲ့အချိန်ကတည်းက

ငါ့ဒိုင်ယာရီမှာ ညီမလေးနာမည်တွေ အကြိမ်ကြိမ်ပါလာတာ. . .ရင်ခုန်သံတိုင်းမှာ မင်းရယ်သံလွင်လွင်တွေ

ငြိတွယ်နေတာ မင်းမြင်တွေ့သတိထားမိရဲ့လား။ အမေးတွေရှိနေပါတယ် အဖြေကတော့ ဟိုးအဝေးမှာပေါ့။

ညတွေနက်သထက်နက်လာတာ မင်းကြောင့်ပါညီမလေး. . .။ ငါ့မသိစိတ်နဲ့သိစိတ်နှစ်မျိုးလုံးမှာ မင်းနာမည်ကို

အကြိမ်ကြိမ်ရေးခြစ်နေမိတယ်။

 

“နေမြင့်လို့အရူးရင့်သွားတာလား

အရူးရင့်ဖို့နေမြင့်ပေးတာလား. . .။”

မျက်ရည်တွေမိုးရာသီတစ်ခုစာ ကျပြလိုက်လည်း ညီမလေးနဲ့ဆုံနိင်ဖို့

အခွင့်မရှိတဲ့သူပါ။ငါဟာဝေသန္တရာမင်းမဟုတ်ခဲ့ဘူး. . .ကျန်စစ်သားလည်းမဟုတ်ခဲ့ဘူး ။

ငါ့အတွက်ဘယ်သူမှလည်းသမိုင်းစာမျက်နှာမှာထည့်သွင်းဖို့ စဉ်းစားပေးကြမှာ မဟုတ်ဘူး။ ဒါပေမယ့်

မင်းရဲ့ဒိုင်ယာရီဖြစ်ဖြစ်

ရှေးဟောင်းနှောင်းဖြစ်အပြောတွေမှာ ဖြစ်ဖြစ် ငါ့အကြောင်းစာတစ်ကြောင်းစာလောက် ပါဝင်ခွင့်ရခဲ့ရင်

ငါပျော်နေမှာပါ ။ ညီမလေးရယ်. . .ယောကျာ်းတစ်ယောက်ရဲ့ စွန့်လွှတ်နိင်စွမ်းဆိုတာ မျက်ရည်တွေ

လှိုင်လှိုင်ရင်းမှ ရတက်တဲ့အရာမှန်း ငါကိုယ်တွေ့ကြုံမှ သိလိုက်ရတယ်။

 

“လိုတာထက်ပို မပျိုးမိလည်း

ကျွန်တော့်မျှော်လင့်ချင်းတွေကတော့ နေ၀င်စောခဲ့တယ်. . .။”

အခါခါမက်ခဲ့သောအိပ်မက်တို့ဟာ စိတ်နှလုံးပျော်ရွှင်ဖွယ်ဖြစ်ခဲ့သလို အဲဒီ့လိုပဲဖြစ်လာစေဖို့

ရည်စူးမျှော်လင့်ခဲ့တာလည်း အခါခါပါ။ အိပ်မက်နဲ့လက်တွေ့ဟာ အစဉ်ကွာခြားနေတက်မှန်း

ငါသိလိုက်ရတဲ့အချိန်မှာ ငါ့ကမ္ဘာအရာရာဟာ မှောင်မည်းနေခဲ့ပြီ ညီမလေး. . .။ သူ့ကိုတွေ့တော့

လင်းကနဲလက်သွားတဲ့ မင်းမျက်ဝန်းတွေ ငါဘာသာပြန်ခဲ့မိတာ ငါ့အတွက်မှားသွားတာလား

မဖြေမှန်တစ်ခုကို အစောဆုံးရှာတွေ့သွားတာလား ငါမဝေခွဲတက်တော့ဘူး။ သေချာတာတစ်ခုကတော့

ရင်တစ်ခုလုံး

အကြီးအကျယ်နှုံးချည့်သွားတယ်။

 

“ငါဟာ အဆိပ်သင့်နေတဲ့ တေလေတစ်ကောင်

ရင်ဘက်မှာလည်း ဟောင်းလောင်းပေါက်နဲ့. . .။”

မျက်နှာချင်းဆိုင်ဖို့ခက်နေလို့ခေါင်းငုံ့ထားမိတာပါ. . .။ အသံတွေထဲက၀မ်းနည်းမှုတွေ

မင်းကြားသွားမှာစိုးလို့ ငါ့ဆွံ့အနေတာပါ။ ရှုံးနေတဲ့လူကို ထက်ရှုံးအောင် လုပ်ချင်နေတာလား

ညီမလေးရယ် ။ ငါ့ရဲ့ အသဲကွဲနေတဲ့ ကဗျာတစ်ချို့သောက်လက်စ ဆေးပေါ့လိပ်တို တွေပြည့်နေတဲ့

အခန်းထဲက ခိုတစ်ကောင်လို ညည်းညူသံတွေမှာ မင်းနာမည်တွေ တန်းစီပါနေတာ

မင်းသတိထားမိချင်မှထားမိမယ်။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ စာရွတ်တွေမှာ မျက်ရည်စက်လက်နဲ့

ငါ့အသဲကွဲမျှော်လင့်ချင်းတွေပါမယ်။ မင်းက မင်းချစ်သူနဲ့ပျော်နေချိန်မှာ အထီးကျန်တာကို

ရင်နဲ့မဆန့်အောင်ခံစားနေရတဲ့ ငါ့ကို သတိရချင်မှရမယ်။ ငါ့ဝင်သက်ထွက်သက်တိုင်းမှာ မင်းရှိတယ်။

ညီမလေး. . .ငါဟာ မင်းနာမည်သုံးလုံးကို တတွတ်တွတ်ရွတ်ရင်း ရူးနေတဲ့

အပေါစားတေလေတစ်ကောင်ပေါ့. . .။

“တငွေ့ငွေ့ကျွမ်းလောင်နေတဲ့ အိပ်မက်တွေထဲမှာ

ရှင်သန်နေမှုရဲ့ အဓိပ္ပါယ်တစ်ချို့ပါသွားလေရဲ့. . .။”

 
   
 
users online This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free