တစ်ပတ်လောက်တော့ လျှော့ဦးကွယ်
ရင်းနှီးသော မိတ်ဆွေတစ်ဦးက ဆရာဝန် တစ်ဦးအား-
“ဆေးလိပ်သောက်ရင် ကျန်းမာရေးထိခိုက်ကြောင်း တခြားသူတွေကိုတော့ပြောပြီး ဆရာ့ ယောက္ခမကြီးတော့ ဘာလို့မပြောတာလဲ”
“ခင်ဗျား.........ကျုပ်စိတ်ချမ်းသာတာမမြင်ချင်ဘူးထင်တယ်”
“ဟိုက်”
အရိုးလေးလှုပ်ပါဟေ့ ခါးဆစ်ရိုးလေးလှုပ်ပါဟေ့
“အိုးလေးလှုပ်ပါဟေ့” သီချင်းကို ထပ်ကာထပ်ကာဆိုနေသော ပျော်ပျော်နေတတ်သည့် အဘိုး၏အသံကိုကြားသော ဇနီးသည် ဘွားဘွားက-
“မကြီးမငယ်နဲ့ ဘာသီချင်းတွေဆိုနေတာလဲ”
“သီချင်းဆိုတာ စိတ်ပျော်ရွှင်ပြီး စိတ်ခွန်အားမြင့်တယ်လို့ ဂျာနယ်မှာ ဖတ်လိုက်ရလို့ကွ”
“ဒါဆိုလည်း လူကြားကောင်းအောင် ကိုယ့်အရွယ်နဲ့လိုက်မယ့် သီချင်းကိုဆိုမှပေါ့”
“ကဲ ဒါဆို အရွယ်နဲ့လိုက်တဲ့သီချင်း ဆိုမယ်၊ အရိုးလေးလှုပ်ပါဟေ့ ခါးဆစ်ရိုးလေးလှုပ်ပါဟေ့”
“စိတ်ခွန်အားမြင့် မမြင့်တော့မသိဘူး၊ ကြီးမှဝက်သက်ပေါက်ရင် သတိထားတဲ့”
“ဟိုက်”
Admin ည
မူရင်း - ဒီဇင်ဘာည
တေးရေး/တေးဆို - လင်းနစ်
Intro: :l G-D l Em-Bm l C-G l Am-D l: Key: G
G D
V1: အပြင်မှာရဲတွေ လှည့်ကင်းလှည့်နေသည်
Em Bm
Admin ကြီးလေအထုပ်ကြီးပိုက်လာသည်
C G Am D
သူရဲ့ဘေးနားက ကောင်မလေး တုန်ရီနေရှာပြီ ။
G D Em Bm
V2: အဖေအမေမသိအောင် လာခိုးခဲ့ပါသည် Admin ကြီးမှာ နောင်တရနေပြီ
C G Am D
ကောင်မလေးစကားယုံမိလို့ ဟိုအထဲ ရောက်နေပြီ . . . ။
G D Em Bm
CHO: ဒီဇင်ဘာည ဒီလိုညမျိုးလေးမှာ အိမ်နောက်ဖေး ခြင်တွေကလည်းကိုက်ခါ
C G Am D
မှောင်ရိပ်ထဲ ငါလေလာခဲ့မိတာ (အို) အမှားကြီးမှားပြီကွာ . . .
G D Em Bm
ကောင်မလေး နင်လေလုပ်ထားဦးကွာ ငါပြန်လာမှ နင်လေငါ့အကြောင်းသိမယ်
C G Am D G
သံတိုင်ကြား အံကိုကြိတ်ရင်းပြောကာ ဓါးကြိမ်းကြိမ်းနေသတဲ့ (ကျွန်တော်) ကြားတာပါ . . . ။
Solo: :l G-D l Em-Bm l C-G l Am-D l:
G D Em Bm
V3: ကောင်မလေးမှာ အသက်လည်း မပြည့်ပါခင်ဗျာ Admin ကြီးမှာမြွေခြောက်ကိုက်နေတာ
C G Am D G - D
ဒီလိုအဖြစ်မျိုး ထပ်မကြုံအောင် ဘုန်းကြီးဝတ်ပါလား အကြံပေးချင်တာ . . . ။
G D Em Bm
CHO2: Members များ ငါ့ကိုကယ်ကြဦးကွာ Forum Rule မှာ Post တွေလျှော့ပေးဦးမှာ
C G Am D
ဘာလိုလဲ ငါ့ကိုသာပြောကြကွာ တစ် Post မှမရှိရင်လည်းပဲ
G D Em Bm
လိုချင်တာဒေါင်း ကြိုက်တာဝင်ကြည့်စမ်းကွာ ဒါပေမယ့် အာမခံလုပ်ပေးထားပါ
C G Am D G
မော်ဒရိတ်တာများလည်း ကျွန်တော့်ကို ကူကြဦးဗျာ အသံဗြဲကြီးနဲ့ အော်ရင်း တောင်းပန်ရှာ . . . ။
Fade out . . .