နောက်ဆုံး ဘူတာရုံ
သူငယ်ချင်းရေ ....
နင့်အပေါ်ရိုးသားခဲ့တဲ့
ငါရဲ့ ဟိုအရင်သံယောဇဉ်တွေ
ရင်ခုန်သံမညီညာမှုတွေနဲ့  အတူ
အရောင်ပြောင်းသွားပြီကွယ်။
ဒါတွေကို နင်မသိလည်း
အရင်ကဘာမဟုတ်တဲ့
ကိစ္စတစ်ချို့ တောင် ငါက
အဆန်းလုပ်ပြီး ရင်ခုန်ကြည့်ဖူးတယ်။
ငါ့ဘေးနားမှာ နင်လွယ်အိတ်လေး
ထားနေကျကိုတောင်
နင့်အတွက်နေရာ ငါ့အနားမှာ
ရှိနေမလားရယ်လို့ 
ကြည်နူးခဲ့ဖူးပါတယ်။
နင်ရည်းစားတွေ
အထည်လဲတွဲလည်း
နင့်ဘေးနားမှာ
ငါရပ်တည်ပေးတုန်း က
ငါ့သူငယ်ချင်းတွေကပြောကြတယ်
နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်မှာပါ တဲ့
မှားယွင်းစွာရင်ခုန်မိတဲ့ ငါနှလုံးသားက
သဘောထားကြီးတက်လွန်းတော့
သူတို့ ပြောသလို ငါက..
နင့်ရဲ့ ဂိတ်ဆုံးဘူတာရုံ ဖြစ်နေခဲ့ရင်တောင်
ကျေနပ်နေမယ့်သူပါ။
by my friend
ချစ်သူ..
လူအများရှေ့မှာ
ရထားတွဲကြီးကို ပျောက်အောင်လုပ်နိုင်တဲ့
မျက်လှည့်ဆရာကြီး ဒေးဗစ်ကော်ပါဖီးလ်ကို
တွေ့ရင်ပြောလိုက်ပါ..
မင်းကိုချစ်တဲ့ငါ့ရင်ထဲက အချစ်တွေကိုလည်း
ပျောက်အောင်ဖျောက်နိုင်ရင်
ကြိုက်ကြေးပေးမယ်လို့...............
by my fri
ငါမဝေးနိုင်ဘူးဆိုတာသိရက်နဲ့
နင်ငါ့ကိုဖြတ်ခဲ့တယ်
နင်မရှိရင်မနေတတ်မှန်းသိရက်နဲ့
ငါ့ကိုထားသွားခဲ့တယ်
နင်မချစ်တော့တာသိရက်နဲ့
ငါဆက်ချစ်နေခဲ့တယ်
နင်ပြန်မလာတော့မှန်းသိရက်နဲ့
ငါစောင့်နေခဲ့တယ်
ဒါတွေနင်သာသိခဲ့ရင်
နောင်တရမှာလားဟင်!.......
my fri from pyay
ငါတို့ အဖြစ်က
ခဏခဏမသွေးတဲ့ ဓါးလိုပဲ ကြာလာတော့
ချစ်တယ်ဆိုတဲ့ စကားလည်း သံချေးတက်သွားတယ် ငါညညမက်တဲ့အိမ်မက်ထဲကိုလည်း နင်မလာတော့ ဘူး တကယ်တော့
အမှန်တရားဆိုတာ
ငါသိတဲ့ သကြားလိုမချိုခဲ့ဘူး ခံစားရလောက်အောင်မရည်ရွယ်ပါနဲ့ နင့်ဘက်ကသာချန်ထားခဲ့ပါ အမှန်အမှားတွေတွက်မနေနဲ့တော့ တစ်ယောက်ဘ၀ထဲကတစ်ယောက်
လှည့်ထွက်ကြမယ် ပြန်လှည့်မကြည့်ကြေးနော်။

|